In
Blog ဆိုင်ရာ,
In
mp3 player,
In
နည်းလမ်းများ
အားလုံးမင်္ဂလာပါခင်ဗျာ..။ ကျွန်တော်အခု
ဖော်ပြပေးမှာကတော့ မိမိတို့ရဲ့ ဘလော့မှာ MP3 Player လေး
ထည့်ထားချင်သူများအတွက် လုပ်နည်းလေးကို မိမိနားလည်သလို
ဖော်ပြပေးလိုက်ပါတယ်။ New Blogger များအတွက်
ရည်ရွယ်ရေးသားခြင်းဖြစ်တဲ့အတွက် သိပြီးသူများအနေနဲ့ လိုအပ်ချက်များကို
ဖြည့်စွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ စိတ်ဝင်စားသူများ
အောက်ကအဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ကြပါခင်ဗျာ...။
အခု ကျွန်တော်ဖော်ပြပေးတဲ့
နည်းလေးအတိုင်း လုပ်မယ်ဆိုရင် အရင်ဆုံး Account နှစ်ခု ဖွင့်ဖို့လိုပါတယ်။
တစ်ခုက mp3 ဖိုင်တွေကို upload တင်ပြီး Direct Link (streaming)
ထုတ်ယူဖို့အတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ mp3 Player အတွက်ပဲဖြစ်ပါတယ်။
အဆင့်(၁)
mp3 ဖိုင်တွေကို upload တင်ဖို့အတွက်က direct link ရတဲ့ မိမိနှစ်သက်ရာ site တွေကိုအသုံးပြုလို့ရပါတယ်။ အခု ကျွန်တော့အနေနဲ့တော့ Open Drive မှာ Upload တင်တဲ့ပုံစံလေးနဲ့ ဖော်ပြပေးသွားပါ့မယ်။ အရင်ဆုံး ဒီနေရာကို သွားပြီး Account သစ်တစ်ခု ဖန်တီးလိုက်ပါ။ ပြီးရင် မိမိနှစ်သက်တဲ့ mp3 ဖိုင်တွေကို upload တင်ပါ။
upload တင်ပြီးသွားရင် အပေါ်ကပုံမှာလို
တွေ့ရပါလိမ့်မယ်။ Direct Link ထုတ်ယူဖို့အတွက် ပုံမှာပါတဲ့အတိုင်း mp3
ဖိုင်ရဲ့ အပေါ်ညာဘက်ထောင့်က မျှားလေးကိုကလစ်လုပ်ပါ။ Links ဆိုတာကို
ထပ်ပြီးကလစ်လုပ်ပါ။
အပေါ်ကပုံမှာပြထားတဲ့အတိုင်း Direct
Link: (streaming) ကို ကော်ပီလုပ်ပြီး NotePad မှာဖြစ်ဖြစ် မှတ်ထားလိုက်ပါ။
သီချင်း ၅ ပုဒ်ဆိုရင်လည်း ဒီနည်းအတိုင်း direct link တွေကိုထုတ်ယူလိုက်ရင်
link (url) ၅ ခုရှိလာမှာဖြစ်ပါတယ်။ အခုအပေါ်မှာ ဖေါ်ပြခဲ့တာကတော့ mp3
ဖိုင်တွေကို upload တင်ခြင်းနှင့် Direct Link ထုတ်ယူခြင်းပဲဖြစ်ပါတယ်။
အဆင့်(၂)
ဒီတစ်ခါ mp3 player ဖန်တီးတဲ့အဆင့်ကို ဖော်ပြပေးပါ့မယ်။ MixPod.com မှာ သွားပြီး Account သစ်တစ်ခု sign up လုပ်လိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Playlist တစ်ခု ဖန်တီးပါ့မယ်။
နောက်ထပ်Save လုပ်ဘို့ Save To: Your Computer တာကနေ လိုသလို Save လုပ်သွားပါ၊ စမ်းကြည့်နော် အောင်မြင်ပါစေ။ http://www131.lunapic.com/editor/ဒီကနေ Edit လုပ်ပါ
တယ်။